Business Health & Wellness Mandalay Trend Live-Style

ရုရှားနိုင်ငံက COVID-19 ကာကွယ်ဆေးကို နိုဝင်ဘာလ အစောပိုင်းတွင် စတင်ဖြန့်ဝေမည်

Read 349 times

ရုရှားနိုင်ငံအတွင်း   ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို   လာမည့်    နိုဝင်ဘာလအစောပိုင်းတွင် စတင်ဖြန့်ဝေမည်ဖြစ်ကြောင်း အောက်တိုဘာလ (၂၁) ရက်နေ့က ရုရှားနိုင်ငံ၏ သတင်းဌာနမှ တစ်ဆင့် ကြောညာထားကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေးကို ရုရှားနိုင်ငံ Gamaleya  ကူးစက်ရောဂါ ဗေဒနှင့် အဏုဇီ၀ဗေဒဆိုင်ရာ အမျိုး သားသုတေသနစင်တာမှ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပြီး ကာကွယ်ဆေးကို   လာမည့် နိုဝင်ဘာလအစောပိုင်းတွင်   စတင် ဖြန့်ဝေမည့် အစီအစဉ်နှင့် ပတ်သက်၍ အဆိုပါ   သုတေသနစင်တာ အကြီးအကဲ အလက်ဇန်းဒါး ကပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေး  စတင်ဖြန့်ဝေမည့် နိုဝင်ဘာလ  အစောပိုင်းရောက်လျှင် ကျန်းမာရေးဝန်ထမ်းများနှင့်  ပညာ ရေးဝန်ထမ်းများကို ဦးစွာဖြန့်ဝေပေးမည် ဖြစ်ပြီး ယင်းနောက်မှသာ   အခြားမည် သည့် လူတန်းစားမဆို ကာကွယ်ဆေး ကို တန်းတူရရှိမည်ဖြစ်သည်ဟု ထည့်သွင်း ကြေညာခဲ့သည်။

ယခု လက်ရှိတွင် COVID-19 ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်တွင် လက်ရှိ ပူးပေါင်းပါဝင် နေသည့်  ပြည်သူပေါင်း (၄၀,၀၀၀) ခန့်ရှိကြောင်း ဖော်ပြထားသည်။ ကျွမ်းကျင်သူအချို့က ရုရှားနိုင်ငံ အနေဖြင့်    ကာကွယ်ဆေးစမ်းသပ်မှု ဖြစ်စဉ်ကို အလောတကြီး လုပ်ဆောင်ရန် မသင့်ကြောင်း  ပြောကြားခဲ့သည်။

သို့သော် ရုရှားအနေဖြင့် နိုဝင်ဘာတွင် ကာကွယ်ဆေးကို အပြီးသတ် ထုတ်နိုင်မည် ဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။


Ref: NHK

Bookmark