မန္တလေး မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီး ပရဝုဏ် နေရာတဝိုက်တွင်ရှိသော သာသနိက အဆောက်အဦများ တည်ရှိရာနေရာများနှင့် အဆောက်အဦအတွင်း၊ အပြင်နေရာများအား ပြုပြင်မှုများအား ပြုလုပ်လျက်ရှိရာတွင် အပြီးတိုင်း ပြင်ဆင်နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ပြုပြင်ထိန်းသိမ်းရာတွင် သာသနာ့ဥယျာဉ်အဖြစ် တည်ရှိစေရန် (၂၀၁၆) ခုနှစ်မှ စတင်ကာ Master Plan ရေးဆွဲပြီး ပြုပြင် တည်ဆောက်မှုများ ဆောင်ရွက် နေခဲ့ပြီး ယခုအချိန်တွင် တည်ဆောက်မှုမှာ (၈၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း အောက်တိုဘာလ (၂၅) ရက်နေ့က သိရှိရသည်။
သာသနာ့ဥယျာဉ်အဖြစ် တည်ရှိစေရန် ဆောင်ရွက်ရာတွင် အဆောက်အဦ အသစ်တည်ဆောက်မှုမျိုး မရှိဘဲ ပြုပြင်မှုများသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြုပြင်ထိန်းသိမ်းရာ လုပ်ငန်းစဉ်တွင် အောက်ပါအကြောင်းအရာများ ပါရှိသည်။ ၎င်းတို့မှာ...
မြန်မာမှုဆိုင်ရာများ မွမ်းမံပြင်ဆင်ခြင်း၊
ရွှေဆေးသုတ်ခြင်း၊
ဥယျာဉ်တည်ဆောက်ခြင်း၊
တန်ဆောင်းများပြုပြင်ခြင်း၊
ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းခြင်း၊
မှတ်တမ်းများပြုစုခြင်း အစရှိသော မွမ်းမံပြုပြင်ထိန်းသိမ်းမှုများအား ဆောင်ရွက်လျက်ရှိသည်။
COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ပြည်သူများ ဖူးမြော်နိုင်စေရန် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့၏ Facebook Page မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း အစိုးရအနေဖြင့်လည်း COVID-19 ပြန့်ပွားမှုများ များပြားလာသောကြောင့် နိုင်ငံတော် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သတိပေးချက်များ၊ အမိန်စာများ ထုတ်ပြန်ခြင်း အပြင် အသွားအလာ ကန့်သတ် နယ်မြေများမှ အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းများ ကိုလည်း ဆောင်ရွတ်ပေးနေတာကို တွေ့နိုင်မှာ ဖြစ်ပါသည်။
Ref: mandalay maharmyatmuni