ကုန်သည်များ စီးပွားရေးတိုးချဲ့ခြင်း၊ ဘဏ်များနှင့်ချိတ်ဆက်ခြင်း၊ ငွေကြေးဆိုင်ရာနည်းပညာလုပ်ငန်းများ၊ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် စက်ပစ္စည်းထုတ်လုပ်သူများ အတွက် Mastercard နှင့် Pine Labs တို့မှ ပူးပေါင်းပြုလုပ်မည့် “pay later” ဝန်ဆောင်မှုကို လာမည့်နှစ်အစောပိုင်းတွင် ရှေ့တောင်အာရှမှ ဈေးကွက်ငါးခု၌ မိတ်ဆက်ပေးမည်ဖြစ်သည်။
ထိုဝန်ဆောင်မှုကို အိန္ဒယနှင့် မလေးရှား နိုင်ငံများ၌ စတင်မိတ်ဆတ်ခဲ့ပြီး ယခုအခါ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ဖြန့်ချိမည်ဖြစ်ပြီး မကြာမီတွင် ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဆက်လက် ဖြန့်ချိမည်ဖြစ်သည်။ “Pay later” နောက်မှငွေပေးချေနိုင်သည့် စနစ်ဟာ စားသုံးသူများအတွက် ငွေလည်ပတ်မှုကို ကောင်းစွာစီမံနိုင်ပြီး ရောင်းချသူတွေဘက်မှပေးတဲ့ အရစ်ကျပေးသွင်းနိုင်တဲ့ ရွေးချယ်ပိုင်ခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။ ရောင်းသူတွေအနေနဲ့လည်း ရောင်းချတဲ့အချိန်မှာ အရစ်ကျစနစ်တွေကို ပေးအပ်ခွင့်ရနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေကို တိုက်ရိုက်လွှမ်းမိုးကာ ဝယ်ယူမှု ပမာဏမြင့်တက်လာပြီး၊ ငွေကြေးချိန်ဆရခြင်းကြောင့် မဝယ်ဖြစ်တာတွေကို လျော့ချနိုင်ကာ ရောင်းအားတွေလည်း တိုးမြှင့်လာမှာဖြစ်ပါတယ်။
Coherent Market Insights ၏ လေ့လာတွေ့ရှိချက်အရ ကမ္ဘာလုံးဆိုင်ရာ “pay later” နောက်မှငွေပေးချေနိုင်သည့်ဈေးကွက်သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇.၃) ဘီလီယံမှ ၂၀၂၇ တွင် (၃၃.၆) ဘီလီယံအထိတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် (၂၁) ရာခိုင်နှုန်းခန့် တိုးတက်လာနိုင်ရန်ရှိသည်။ ယခုနှစ်ဇန်နဝါရီလတွင် Mastercard သည် Pine Labs တွင် ရင်းနီးမြပ်နှံမှုပြုလုပ်ခဲ့ရာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံကျော်ငွေပေးချေမှုရှိခဲ့ပြီး၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းရှိကွန်ယက်နေရာပေါင်း ၄၅၀,၀၀၀ မှကုန်သည် ၁၅၀,ဝဝဝ ခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။