Mandalay Trend

သုတေသနများအရ နေ့တိုင်း ရေချိုးစရာမလို

Read 263 times

ဆောင်းတွင်းလည်း ရောက်ပြီဆိုတော့ ဆောင်းလေအေးကြောင့် အသားအရည်တွေ ပျက်စီးလာပါတယ်။ အများစုကတော့ အသားပက်တယ်လို့ သိကြပါတယ်။ တကယ်တော့ အရေးပြားတွေက ရာသီဥတုကြောင့်ဆိုတာထက် ကိုယ်တိုင် ဂရုစိုက်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

အရေပြား အထူးကု ဆရာဝန်တွေရဲ့ လေ့လာမှု အသစ်အရ မကြာခဏ ရေချိုးခြင်းက သင်ရဲ့ အရေပြား ကျန်းမာရေးအတွက် မကောင်းဘူးလို့ သိရပါတယ်။ အကယ်၍ ရေကို နေ့တိုင်းလိုလိုချိုးပါက သင်ရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကျိုးတွေထက် ဆိုးကျိုးတွေကို ပိုဖြစ်စေပါလိမ့်မယ်။

“ လူတွေက ရေကိုတစ်နေ့တစ်ခါ ချိုးနေတာက သတ်မှတ်ထားတာထက် ကျော်လွန်နေပါတယ်။ ဒီကိစ္စကို နားလည် သဘောပေါက်ဖို့ တကယ် အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းမှာ ပုံမှန်လုပ်နေကြဆိုပေမယ့် အရေပြားတွေအတွက် ဆိုးကျိုးတွေ ဖြစ်စေပါတယ် ” လို့ ဘော်စတွန် အရေပြားအထူးကုဒေါက်တာ Ranella Hirsch ကပြောကြားခဲ့ပါတယ်။

Hot or Cold Showers: What You Need To Know

လူကြီးမိဘတွေရဲ့ ရှေးရိုးဆွဲကြောင့် ကျွန်တော်တို့တွေက တစ်နေ့တစ်ကြိမ်ရေ ပုံမှန်ချိုးကြရပါတယ်။ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်နေတဲ့ အတွက်ကြောင့် မသိသာပေမယ့် နေ့စဉ်ရေချိုးခြင်းက အရေပြားအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေကို ဖယ်ရှားစေပါတယ်။ ထိုသို့ဖယ်ရှားခြင်းက အသားအရေကို ခြောက်ခမ်းစေပါတယ်။ ဆောင်းတွင်းဆိုတော့ ပုံမှန်ထက်အသားအရေက ပိုခြောက်သွေ့ပါတယ်။

အရေပြား အထူးကုဆရာဝန်များရဲ့ ပြောကြားချက်အရ ရေများများချိုးလေ သင်ရဲ့ အရေပြားအတွက် မကောင်းလေဖြစ်ပြီး ရေနွေးနဲ့ချိုးရင် ပိုတောင်ဆိုးနိုင်ပါသေးတယ်။ ရေများများချိုးခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကတော့ အရေပြားခြောက်သွေ့ခြင်းနှင့် အရေပြား ယားယံခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ 

ဒါ့ကြောင့် ရေပုံမှန်ချိုးခြင်းထက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေကို ထိန်းသိမ်းခြင်းက သင့်ရဲ့ အသားအရေကို သဘာဝအတိုင်း ကူညီနိုင်သည့်အပြင် အသားအရေကူးခြောက်သွေ့မှုမှ ဖြစ်စေနိုင်သော အက်ကွဲကြောင်းဒဏ်မှ ကာကွယ်ပေးပါတယ်။

ဒီလို အသားအရေ မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ? 

အရေပြားအထူးကု ဆရာ၀န်တွေရဲ့ အကြံပြုချက်အရ ရေကို နှစ်ရက် တစ်ကြိမ်ဖြစ်ဖြစ်၊ သုံးရက်တစ်ကြိမ်ဖြစ်ဖြစ် ချိုးသင့်ပြီး ရေချိုးချိန်ကိုလည်း ၁၀ မိနစ်လောက်သာ ချိုးသင့်တယ်လို့ ပြောထားပါတယ်။

A daily cold shower seems to have some psychological benefits – Research  Digest

အသားအရေတွေ ဘာကြောင့် ခြောက်သွေ့လည်းဆိုတာ သိပြီးပြီဆိုတော့ သေချာဂရုစိုက်ဖို့ မှာချင်ပါတယ်။ ခင်ဗျားတို့ရော ဘယ်နှကြိမ်လောက်ချိုးဖြစ်လဲ?

By MY Mandalay Guide

Bookmark